ဘာသာဝါဒ၊ မတူကြ၍၊
လောကအတွင်း၊ ငြင်းခုန်းခြင်းဖြင့်၊
ဆင်းရဲ့ဒုက္ခ၊ ရောက်ကုန်ကြ၏။
ဝါဒအယူ၊ မှားခဲ့မူကား၊
ဆူဆူ ဗုဒ္ဓ၊ ကယ်မရသည့်၊
လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။
စေ့စုံ ဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ -
တဆင့် ကြား သိ၊ မိရိုး ဖလာ၊
ကောလာဟလ၊ ကျမ်းစာမျှနှင့်၊
ကြံဆ နည်းမှီ၊ ဆီလျော် သုံးသပ်၊
ယူချင်းထပ်၍၊ ယုံအပ်သူပဲ၊
ဆရာ စွဲဖြင့်၊ လွှဲပုံစိတ်ချ၊
မယူကြလင့်။
ဒိဋ္ဌ ကျင့်ကြံ၊ မှား မှန် ကောင်း ဆိုး၊
သိအောင် ကြိုး ဟု၊ မျိုး ကာလာမ၊
ဟောညွှန်ပြ၊ ၀ါဒ အယူစစ်တမ်းပေ။
0 comments:
Post a Comment