The Buddha ဗုဒ္ဓရှင်တော်မြတ်
မူရင်းစာရေးဆရာ = ဒေါက်တာဝါပိုလာရာဟုလာ
မြန်မာဘာသာပြန်ဆိုသူ = ဆရာကြီး ဇေယျာမောင်ဦးကိုလေး
ပြန်လည်ရေးသားတင်ပြသူ = မောင်ပညာ (မန်းတက္ကသိုလ်)
The Buddha, whose personal name was Siddhattha, and family name Gotama, lived in North India in the 6th century B.C. His father Suddhodana, was the ruler of the kingdom of the Sakyas (in modern Nepal). His mother was queen Maya.
မျိုးနွယ်အမည် ဂေါတမ၊ ကိုယ်ပိုင်အမည် သိဒ္ဓတ္ထဟု ခေါ်တွင်သော ဗုဒ္ဓဘုရားရှင်တော်မြတ်သည် ဘီစီ ၆ ရာစုနှစ်အတွင်းတွင် အိန္ဒိယမြောက်ပိုင်း၌ သက်တော်ထင်ရှား နေထိုင်တော်မူခဲ့ပေသည်။ ၄င်း၏ ခမည်းတော် သုဒ္ဓေါဓနသည် သကျမင်းတို့၏ တိုင်းနိုင်ငံ (ယခုနီပေါပြည်)တွင် ဘုရင်မင်းမြတ်ဖြစ်ပေသည်။ မယ်တော်မှာ မာယာ မိဖုရားကြီးဖြစ်ပါသည်။
According to the custom of the time, he was married quite young, at the age of sixteen, to a beautiful and devoted young princess named Yasodahara.
ထိုခေတ် အခါက ဓလေ့ထုံးစံအတိုင်း သိဒ္ဓတ္ထမင်းသားသည် အသက်ငယ်ရွယ်စဉ် (၁၆)နှစ်သား၌ ချောမောပြေပြစ်၍ သစ္စာတည်တံ့သော မင်းသမီးပျို ယသော်ဓရာနှင့် ထိမ်းမြားလက်ထပ်ခဲ့လေသည်။
The young prince lived in his palace with every luxury at his command. But all of a sudden, confronted with the reality of life and the suffering of mankind, he decided to find the solution - the way out of this universal suffering.
သိဒ္ဓတ္ထမင်းသားလေးသည် လိုတရနိုင်သော စည်းစိမ်ချမ်းသာဖြင့် ၄င်း၏ နန်းတော်ထက်တွင် နေထိုင်တော်မူခဲ့ရ၏။ သို့ရာတွင် ဘ၀၏ သဘောအစစ်အမှန်နှင့် လူ့လောက၏ ဒုက္ခဆင်းရဲခြင်းများကို တွေ့မြင် သိရှိလိုက်သည်နှင့်တပြိုင်နက် တလောကလုံးရှိ သတ္တ၀ါတို့၏ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်းကို ရှာဖွေရန် ရုတ်တရက် ချက်ခြင်း စိတ်ပြဋ္ဌာန်းချက် ချမှတ်ခဲ့သည်။
At the age of 29, soon after the birth of his only child, Rahula, he left his kingdom and became an ascetic in search of his solution.
တဦးတည်းသော သားတော်ရာဟုလာကို မွေးဖွားပြီး၍ များမကြာမီ သက်တော် ၂၉-နှစ် အရွယ်တွင် သိဒ္ဓတ္ထသည် ထီးနန်းကို စွန့်ပစ်ခဲ့၍ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်း ရှာဖွေရန် တောထွက်တော်မူခဲ့လေသည်။
For six years the ascetic Gotama wandered about the valley of Ganges, meeting famous religious teachers, studying and following their systems and methods, and submitting himself to rigorous ascetic practices.
တောထွက်လာသော ဂေါတမသည် ဂင်္ဂါမြစ်ဝှမ်းတွင် လှည့်လည်၍ နာမည်ကျော်ကြားသော ဘာသာရေး တရားဟော ဆရာများနှင့်တွေ့ဆုံကာ ၄င်းတို့၏ နည်းနာနိဿယများကို လေ့လာသုံးသပ်လျှက် ကိုယ်တော်တိုင် ပြင်းပြင်းထန်ထန် အထူးခြိုးခြံစာ ၆-နှစ်တိုင်တိုင် ကျင့်တော်မူခဲ့လေသည်။
They did not satisfy him. So he abandoned all traditional religions and their methods and went his own way.
ဤကဲ့သို့ လွန်မင်းစွာ ကျင့်ကြံခြင်းဖြင့် ၄င်း၏ လိုအင်ဆန္ဒမှာ ပြည့်ဝခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အစဉ်အလာအားဖြင့် ဆင်းသက်လာခဲ့သော သမားရိုးကျ ဘာသာဝါဒများနှင့် ကျင့်ကြံနည်းများကို စွန့်ပယ်တော်မူ၍ ကိုယ်တော်တိုင် တရားလမ်းကို ရှာဖွေခဲ့လေသည်။
It was thus that one evening, seated under a tree (since then known as the Bodhi- or Bo-tree, the "Tree of Wisdom"), on the bank of the river Neranjara at Buddha-aya (near Gaya in modern Bihar), at the age of 35, Gotama attained enlightenment, after which he was known as the Buddha, 'The Enlightened One'.
သို့နှင့် ညနေချမ်း တချိန်ဝယ် နေရဉ္ဇရာမြစ်ကမ်းပါး ဗုဒ္ဓဂယာ (ယခုဘီဟာနယ်-ဂယာမြို့အနီး)၌ သစ်ပင်တစ်ပင် (ဤကာလမှ စ၍ ထိုသစ်အား ဗောဓိညောင်ပင်၊ ညောင်ဗုဒ္ဓဟေပင်ဟု ခေါ်တွင်သည်။) အောက်တွင် ထက်ဖွဲ့ခွေ ထိုင်နေတော်မူစဉ် သက်တော် ၃၅-နှစ် အရွယ်ရှိ ဂေါတမ ရှင်တောမြတ်သည် သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ထိုမှစ၍ သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓရှင်တော်မြတ်ဟူ၍ ဘွဲ့တော်ကို ခံယူတော်မူပေသည်။
After his Enlightenment, Gotama the Buddha delivered his first sermon to a group of five ascetics, his old colleagues, in the Deer Park at Isipatana (modern Sarnath) near Benares.
သဗ္ဗညုတရွှေဉာဏ်တော် ရပြီးနောက် ဗုဒ္ဓဂေါတမသည် ဗာရာဏသီအနီး ဣသိပတန (ယခု-ဆာရ်နသ်)ရှိ သမင်တို့၏ ဥယျာဉ်တွင်း၌ ရှေးအခါက တရားကျင့်ဖော် ကျင့်ဖက် ဖြစ်ဖူးသော ပဉ္စ၀ဂ္ဂီ အရှင်တို့အား တရားဦးကို ဟောတော် မူခဲ့လေသည်။
From that day, for 45 years, he taught all classes of men and women -kings and peasants, Brahmins and outcasts, bankers and beggars, holy men and robbers - without making the slightest distinction between them.
ထိုနေ့မှ စ၍ ၄၅-နှစ်ပတ်လုံး ဘုရင်နှင့်ကျေးတောသား၊ ပုဏ္ဏားနှင့်ယာစကာ၊ ဘောဂ၀ါနှင့်သူတောင်းစာ၊ ခိုးသားနှင့်လူသူတော်- ဟူ၍ မြူတစိတ်မျှ ခွဲခြားမှုမထားဘဲ ယောက်ျားမိန်းမ မဟူ အားလုံးသော လူအမျိုးအစားတို့အား တရားရေအေးကို တိုက်ကျွေးတော် မူခဲ့လေသည်။
He recognized no differences of caste or social groupings, and the Way he preached was open to all men and women who were ready to understand and follow it.
ရှင်တော်မြတ်သည် အမျိုးဇာတိ၊ ရာထူးဂုဏ်သိန် အဆင့်အတန်း ခွဲခြားမှုမျာိးု လက်ခံတော်မမူဘဲ ၄င်း၏ မဂ္ဂင်တရားကို သိရှိနားလည်စေရန် ဆန္ဒရှိ၍ လိုက်နာကျင့်ကြံလိုသူ ယောက်ျား မိန်းမ အားလုံးတို့အား ဟောကြားတော်မူလေသည်။
At the age of 80, the Buddha passed away at Kusinara (in modern Uttar Pradesh in India).
အသက်တော် ၈၀-တွင် ကုသိန္နာရုံ (ယခု ဥတာပရာဒေ့ရှ်)၌ ဗုဒ္ဓရှင်တော်မြတ်သည် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။
Today Buddhism is found in Ceylon, Burma, Thailand, Cambodia, Laos, Vietnam, Tibet, China, Japan, Mongolia, Korea, Laos, Formosa, in some parts of India, Pakistan and Nepal, and also in Soviet Union. The Buddhist population of the world
is over 500 million.
ယခုအခါတွင် ဗုဒ္ဓ၀ါဒကို သီဟိုဠ်၊ မြန်မာပြည်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လောပြည်၊ ဗီယနမ်၊ တိဗက်၊ တရုတ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဖော်မိဆာနှင့်အိန္ဒိယပြည်အချို့အပိုင်း၊ ပါကစ္စတန်၊ နီပေါနှင့် ဆိုဗီယက်ယူနီယံတွင် တွေ့ရှိရပေသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူ လူဦးရေပေါင်းမှာ ကမ္ဘာပေါ်တွင် သန်းပေါင်း (၅၀၀)ကျော် ရှိပေသည်။
0 comments:
Post a Comment